ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပခြင်း
**************************************************************************************
၁၉.၅.၂၀၂၀၊ ထားဝယ်
        ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)အား Covid -19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် သတင်းမီဒီယာ (၂)  ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
 တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့ သဖြင့် စုစုပေါင်း(၉၆.၄၂)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်း အဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ (၃)ပုံ (၁)ပုံထက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
       အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၂) ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေး‌နွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊တိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စီးပွား‌ရေးကော်မတီမှ တင်သွင်းထား သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်းဒေသ ကြီးငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော   တည်ဆောက်ရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း နှင့် တိုင်းဒေသကြီး လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှ (၁၄) ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိကဝတ်သက်ရောက်သည့်  အဆို/မေးခွန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းခြင်းနှင့် ကြားနာခြင်းဆိုင်ရာအစီရင်ခံစာ အား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို(၁၁း၅၅)နာရီအချိန်တွင် ရပ်နားခဲ့ပြီး (၁၆) ကြိမ်မြောက်ပုံမှန်အစည်း အဝေး(တတိယနေ့)ကို (၂၀.၅.၂၀၂၀) ရက်၊ (ဗုဒ္ဓဟူးနေ့)၊ (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။