ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပခြင်း
************************************************************************************
၂၇.၅.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အား Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက် များအား စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဒေါ်ချိုမာမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ  (၂) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးကဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦး လစ်လပ်မှုအခြေအနေ နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပဉ္စမနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကခွင့်ပြုထားသောကြယ်ပွင့်ပြ မေးခွန်း (၂)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊  တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး (၁)ဦး ကတိသစ္စာပြုခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ဓာတ်သတ္တု လုပ်ငန်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေး ခြင်းနှင့်တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းမြို့ အဆိုပြုမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းပုံစံအား အတည်ပြုပေးနိုင်ရေး တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်း ၊ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေး‌ကော်မတီတွင်အဖွဲ့ဝင်(၁)ဦး အစားထိုးတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်‌တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ( ၁၁း၁၀ ) နာရီ အချိန်တွင်ရပ်နားခဲ့ပြီး (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့) ကို (၂၈.၅.၂၀၂၀) ရက်၊ ( ကြာသပတေးနေ့ ) ၊ (၁၀း၀၀ ) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။