ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဌမနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဌမနေ့) ကျင်းပခြင်း
************************************************************************************
၂၈.၅.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဌမနေ့)အား Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက် များအား စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ  (၂) ဦးတို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး က ဆောင်ရွက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၇)ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့ သဖြင့် စုစုပေါင်း (၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်း အဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ (၃)ပုံ (၁)ပုံထက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဆဋ္ဌမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သော ကြယ်ပွင့်ပြမေးခွန်း (၁) ခု အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က မေးမြန်း ခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း၊တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ (မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း နှင့် တိုင်းဒေသကြီးလွှတ်တော်ဥပ‌ဒေပြုရေးဆိုင်ရာကော်မတီ၏လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှတင်သွင်းထားသော ကော့သောင်းမြို့အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦး က ဆွေးနွေးခြင်း ၊ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီမှ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့်သဘောထား မှတ်ချက်အစီရင်ခံစာအား  ဖတ်ကြားရှင်းလင်းခြင်းနှင့်   တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကို (၁၁း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပြီး (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ထပ်မံအကြောင်းကြားသွားမည် ဖြစ်ပါသည်။