တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ဆောက်လုပ် လျက်ရှိသော ရေဂါလန်(၁၃၀၀၀)ဆံ့ ရေစုကန်(၂)လုံးနှင့် ရေဂါလန် (၅၀၀၀)ဆံ့ ရေစင်(၂)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် အဖွဲ့ဝင်များသည် ယနေ့၊ နေ့လည်(၁၄း၁၅)နာရီအချိန်တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ဆောက်လုပ် လျက်ရှိသော ရေဂါလန်(၁၃၀၀၀)ဆံ့ ရေစုကန်(၂)လုံးနှင့် ရေဂါလန် (၅၀၀၀)ဆံ့ ရေစင်(၂)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပါသည်။