ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပခြင်း
************************************************************************************
၄.၆.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) အား Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက် များအား စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ (၂) ဦး တို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (သတ္တမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သော ကြယ်ပွင့်ပြမေးခွန်း (၁) ခု အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်း ခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ်တနင်္သာရီတိုင်းဒေသကြီး၏နောက်ထပ် ဘဏ္ဍာ‌ငွေ ခွဲဝေသုံးစွဲရေးဥပဒေ (မူကြမ်း)  အား တိုင်းဒေသကြီးလွှတ်‌တော်သို့ တင်သွင်းခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ‌ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို ဖတ်ကြားရှင်းလင်းခြင်း၊ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်‌တော်မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ အဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြခြင်းနှင့် လွှတ်တော်၏  အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး   ဒုတိယအကြိမ်   တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို (၁၀း၃၅) နာရီအချိန် တွင်ရပ်နားခဲ့ပြီး (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို (၅.၆.၂၀၂၀)ရက်၊ (သောကြာနေ့)၊ (၁၀း၀၀) နာရီအချိန်တွင်ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။