ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဌမနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဌမနေ့) ကျင်းပခြင်း
************************************************************************************
၅.၆.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဌမနေ့) အား Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက် များအား စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇) ဦး တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်
အစည်းအဝေး၌တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အဋ္ဌမနေ့)အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သော ကြယ်ပွင့်ပြမေးခွန်း(၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း၊  တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တနင်္သာရီတိုင်း ဒေသကြီး၏ နောက်ထပ်ဘဏ္ဍာ‌ငွေ ခွဲဝေသုံးစွဲရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု ကြောင်းဆုံးဖြတ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းထားသော တနင်္သာရီ တိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဦး က ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု ကြောင်းဆုံးဖြတ်ခြင်းနှင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီ တွင် အဖွဲ့ဝင်(၁)ဦး အစားထိုးတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း ၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  အစည်းအဝေး (အဋ္ဌမနေ့) ကို  (၁၀း၄၁)နာရီအချိန်တွင်‌ရပ်နားခဲ့ပါကြောင်းနှင့် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပ
ပြီးစီးခဲ့ပါသည်။