တင်ဒါအကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

တင်ဒါအကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
*************************************************************************************
၂၄.၆.၂၀၂၀၊ ထားဝယ်
ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဌာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း(ဖြည့်စွက်)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ နှင့် စပ်လျဉ်း၍ တင်ဒါအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ(တင်ဒါကော်မတီဥက္ကဋ္ဌ)၊ တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး(တင်ဒါကော်မတီ ဒုတိယ ဥက္ကဋ္ဌ) ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ဝေ( တင်ဒါကော်မတီ အတွင်းရေးမှူး) တို့နှင့် တင်ဒါကော်မတီ ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး (၁၁၃၀) နာရီ အချိန် တွင် ပြီးစီးခဲ့ပါသည်။