အငယ်တန်းစာရေး အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြုလုပ်ခြင်း

အငယ်တန်းစာရေး အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြုလုပ်ခြင်း
*******************************************************************************
၁၇.၇.၂၀၂၀၊ ထားဝယ်
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး(၄)နေရာတွင် ခန့်ထားနိုင်ရေးအတွက် (၁၅.၆.၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ရေး လျှောက်လွှာခေါ်ယူခဲ့ရာ သတ်မှတ် အရည်အချင်းများနှင့် ပြည့်မီသူ(၁၇) ဦးမှ လာရောက်လျှောက်ထားလာသည့် အတွက် လျှောက်ထားလာသူ(၁၇) ဦးအား ရေးဖြေစာမေးပွဲ ဖြေဆိုခြင်းအတွက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
မြန်မာစာဘာသာရပ်အတွက် ရေးဖြေစာမေးပွဲကို (၀၉၀၀)နာရီမှ (၁၁၀၀)နာရီ အထိလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်အတွက် (၁၂၀၀)နာရီမှ (၁၄၀၀) နာရီအထိလည်းကောင်း၊ အထွေထွေဗဟုသုတဘာသာရပ်အတွက် (၁၄၁၅)နာရီမှ (၁၆၁၅)နာရီအထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။