တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်နှင့် ရိုးရိုးတန်း ပွဲကြည့်စင်များ ပြန်လည်ပြင်ဆင်/ တည်ဆောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်နှင့် ရိုးရိုးတန်း ပွဲကြည့်စင်များ ပြန်လည်ပြင်ဆင်/ တည်ဆောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား
********************************************************************************
၂၇.၇.၂၀၂၀၊ ထားဝယ်မြို့
      ယနေ့နံနက်(၁၀၀၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်နှင့် ရိုးရိုးတန်းပွဲကြည့်စင်များ  ပြန်လည်ပြင်ဆင်/ တည်ဆောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍   တွေ့ဆုံ   ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
         တွေ့ဆုံရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျမှ ရွှေဝယ်သီရိအားကစားကွင်းရှိ ပွဲကြည့်စင်များ ပြန်လည်ပြင်ဆင်တည်ဆောက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းမှုအပေါ် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်ဆွေနှင့် အဖွဲ့ဝင်များမှ  အပြန်အလှန်အကြံပြု၊  ညှိနှိုင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တွေ့ဆုံရှင်းလင်းပွဲကို နေ့လည်(၁၁၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။