Youth Development Institute (YDI) မှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ အကြောင်းအရာအချက်အလက်များကို သိရှိလိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား

Youth Development Institute  (YDI)  မှ   တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ အကြောင်းအရာအချက်အလက်များကို သိရှိလိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား
****************************************************************************************************
၃၁.၈.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအ‌‌ဝေးခန်းမ၌ Youth Development Institute (YDI) မှ  တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ အကြောင်းအရာအချက်အလက်များကို သိရှိလိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ  ဦးခင်မောင်အေးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ရေးရာကိစ္စရပ်များ၊ ဥပ‌ဒေပြုခြင်းကိစ္စ ရပ်များအား ဆက်လက်ဆွေးနွေးပြောကြားခဲ့ပြီး Youth Development Institute (YDI) မှ သိရှိလိုသည့် ကိစ္စရပ်များ၊ ဖြေကြားပေးစေလိုသည့်ကိစ္စ ရပ်များကို ဆက်လက်မေးမြန်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း ၊လိုအပ်သည်များ မှာကြား ဆွေးနွေးခဲ့ပြီး အခမ်းအနားကို (၁၂း၂၀)အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။