တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲ
******************************************************************************
၁၆.၁၂.၂၀၂၀၊ ထားဝယ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၊ မေတ္တာမြို့၊ ထီးခီးဒေသအဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား အတည်ပြုပေးရန် ညှိနှိုင်းပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဝန်ကြီး၏ ဆွေးနွေးချက်များအပေါ််  တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးကို (၁၀၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။