မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲ
******************************************************
**********************
၁၀.၉.၂၀၂၀၊ထားဝယ်မြို့
ယနေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူများက ရေပေးဝေရေးစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည့် ကိစ္စများအား မေးမြန်းဆွေးနွေးခဲ့ကြပြီး (၁၅ ၅၅ )နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။
မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲ
