မူဝါဒ
လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်၍ လုံခြုံမှုရှိရေး
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့််တည်ငြိမ်အေးချမ်းရေး
လွတ်လပ်ခြင်းနှင့် တရားမျှတရေး ၊ ရိုးသားမှုနှင့် သိက္ခာရှိရေး
ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပြည်သူများပူးပေါင်းပါဝင်ရေး
တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး
စုပေါင်းညှိနှိုင်းဆောင်ရွက်ရေးနှင့်စွမ်းဆောင်ရည်ပြည့်ဝရေး
ရည်မှန်းချက်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအလွှာ အသီးသီး အား ကိုယ်စားပြု၍ ယင်းတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖော် ဆောင်ပေးနိုင်သည့် လွှတ်တော်တစ်ရပ် ဖြစ်လာစေရန်နှင့် လောကပါလ တရားသုံးပါးဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတို့ ထွန်းကားစေပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်သော ဥပဒေပြုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်ဖြစ်ပါသည်။
အဓိကလုပ်ငန်းတာဝန် (၄)ရပ်
ပြည်သူ့ဘဝလုံခြုံတိုးတက်စေရန်အတွက်လိုအပ်သောဥပဒေများ ပေါ်ပေါက်လာစေရန် ဥပဒေပြုခြင်း
ပြည်သူလူထုအား ကိုယ်စားပြုခြင်း
အုပ်ချုပ်ရေးနှင့်တရားစီရေးဆိုင်ရာအဖွဲ့အစည်းများ၏ဆောင်ရွက် ချက်များကို အပြန်အလှန်ထိန်းညှိခြင်း
လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်ရုံးဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရေးဆောင်ရွက်ခြင်း
ဆောင်ပုဒ်
ပြည်သူ့အသံ - လွှတ်တော်အသံ
ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ
ပြည်သူတို့မျှော်လင့်ချက် - လွှတ်တော်ကဖော်ဆောင်ရွက်