ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်လေ့လာရေးအဖွဲ့သည် (၂၇.၁၁.၂၀၁၉) ရက်နေ့ ယနေ့နံနက်(၀၉း၀၀) နာရီအချိန်၌ ရှမ်းပြည် နယ်လွှတ်တော်ရုံး ကျားခေါင်းအစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဝင်များနှင့် ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး (၁၁း၃၀) နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးစီးခဲ့ပါသည်။