တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ (၁၀း၃၀)အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် တနင်္သာရီတိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိလာ သည့် ရှမ်းပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက မိတ်ဆက် စကားပြောကြားခြင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လေ့လာရေးကော်မတီဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်း အပြန်အလှန်မိတ်ဆက်ခြင်း ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးမှုများ ဆောင်ရွက်ခဲ့ကြပြီး (၁၂း၃၀)အချိန်တွင်တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးခဲ့ပါသည်။