တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

ယနေ့ နေ့လည် (၁၃း၃၀)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ရေးရာကော်မတီဥက္ကဋ္ဌများသည် တနင်္သာရီ တိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိလာသည့် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲ တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းအပြန်အလှန်မိတ်ဆက်ခြင်း၊တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးများ ဆောင်ရွက်ခဲ့ကြပြီး (၁၆း၁၅)အချိန်တွင်တွေ့ဆုံဆွေးနွေးပွဲ ပြီးစီးခဲ့ပါသည်။