တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ ဘုတ်ပြင်းမြို့နယ်သို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

၁၂.၅.၂၀၁၉ ၊ ထားဝယ်မြို့

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်း (ခ)ဦးဖိုးမင်းနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်(၀၈း၀၅) နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံံ၍ ၂၀၁၈-၂၀၁၉ Mini Budget ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ (၀၉း၄၅)နာရီအချိန်တွင် ဘုတ်ပြင်းမြို့ပေါ်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဆောက်လုပ်ခြင်းလုပ်ငန်းနှင့် အား/ကာမှူးနေအိမ် (၃၄ပေ×၂၀ပေ×၁၁ပေ)ဆောက်လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ (၀၉း၅၀)နာရီအချိန်တွင် သမာဓိလမ်း (၄၉၀ပေ×၁၈ပေ×၆လက်မ)၊ ဆရာစံလမ်း(၅၀၀ပေ×၁၂ပေ×၆လက်မ)၊ ကျန်စစ်သား လမ်း(၇၉၀ပေ×၁၄ပေ×၆လက်မ)၊ ဗိုလ်လှဖေလမ်း (၅၅၅ပေ×၁၂ပေ×၆လက်မ)၊ ရှမ်းလမ်းအပိုင်း-၂ (၄၃၀ပေ×၁၄ပေ×၈လက်မ)၊ အမကကျောင်းလမ်း (၂၄၀ပေ×၁၈ပေ×၆လက်မ)၊ တပင်ရွှေထီးလမ်းအပိုင်း-၄ (၄၅၀ပေ×၁၄ပေ×၆လက်မ)ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား လည်းကောင်း၊ (၁၀း၃၀)နာရီအချိန်တွင် တပင်ရွှေထီးတံတားအမှတ်-၁ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ (၉၂ပေ×၄၃ပေ× ၄၈ပေ)ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် တိုးချဲ့လူနာ (၂)ထပ်ဆောင် (၁၈၀ပေ×၈၀ပေ)ဆောက်လုပ်ခြင်းလုပ်င်းတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ (၁၁း၄၈)နာရီအချိန်တွင် ပြည်ကြီးမဏ္ဍိ ုင်မြို့အတွင်းရှိ ဘိုဒါး-စတိန်ချောင်းဖျားလမ်း ( ၂)မိုင်၊

လေညာအရှေ့ရပ်ကွက် ရွာတွင်းလမ်း (ဝ/၅)မိုင်၊ ပြည်ကြီးမဏ္ဍိ ုင်- လေညာ မြို့ရှောင်လမ်း(ဝ/၆)မိုင်၊ ပြည်ထောင်စုလမ်းမ-တောင်ငယ်ကျေးရွာချင်းဆက်လမ်း (၁)မိုင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနှင့် တောင်ငယ်ကျေးရွာ ရေဆိပ်ခံသံကူကွန်ကရစ်တံတားတည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။