ဟိန္ဒားကျေးရွာရှိ Myanmar Pongpipat Company Limited ၏ ဟိန္ဒားမိုင်းသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

၂၀.၅.၂၀၁၉ ၊ ထားဝယ်မြို့

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှွတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်း(ခ)ဦးဖိုးမင်း နှင့်ကော်မတီဝင်များနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဦးမြင့်ဝေတို့သည် ယနေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာရှိ Myanmar Pongpipat Company Limited ၏ ဟိန္ဒားမိုင်းသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Myanmar Pongpipat Company Limited ကပြုလုပ်ဆောင်ရွက်မည့် ဟိန္ဒားမိုင်းသတ္တု တူးဖော်ထုတ်လုပ်ခြင်းသည် ရေရှည်စီမံကိန်းဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေပြီး အစိုးရ၊ ပြည်သူ၊ လုပ်ငန်းစဉ်ဘက်ညီစွာအကျိုးရှိနိုင်စေရန ်ရည်ရွယ်လျက် မြေပြင်အခြေအ နေအား သိရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ထားဝယ်မြို့မှ ထွက်ခွာခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် Myanmar Pongpipat Company Limited သို့ (၁၀း၃၀)နာရီအချိန်တွင် ရောက်ရှိခဲ့ကြပြီး (၁၀း၄၅)နာရီအချိန်တွင် ကုမ္ပဏီရှင်းလင်းဆောင်၌ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့မှ Myanmar Pongpipat Company Limited ကပြုုလုပ်ဆောင်ရွက်မည့် ဟိန္ဒားမိုင်းသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍လိုအပ်သည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၁၃း၁၀)နာရီအချိန်တွင် သတ္တုတွင်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး (၁၃း၄၅) နာရီအချိန်တွင် အမက(ဖိုလုံးထောင်)ကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်ခြင်း၊ (၁၆း၀၀)နာရီ အချိန်တွင် မြောင်းပြိုကျေးရွာ၌ လူထုတွေ့ဆုံပွဲပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် (၁၈း၀၀)နာရီအချိန်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ(၁၉း၂၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

Add new comment

Restricted HTML

  • You can align images (data-align="center"), but also videos, blockquotes, and so on.
  • You can caption images (data-caption="Text"), but also videos, blockquotes, and so on.