တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မြိတ်မြို့နယ်သို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

၁၂.၆.၂၀၁၉ ၊ ထားဝယ်မြို့

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ)ဦးဖိုးမင်းနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်(၀၉း၁၅) နာရီအချိန်တွင် မြိတ်မြို့ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံံ၍ ၂၀၁၈ ခုနှစ် (ဧပြီလ မှ စက်တင်ဘာလထိ) Mini Budget နှင့် ၂၀၁၈-၂၀၁၉ ခု BE Budget ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၁၀း၅၇)နာရီအချိန်တွင်  ကမ်းနားလမ်းရှိ ဆားတံတားဆောက်လုပ်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ (၁၁း၁၀)နာရီအချိန်တွင် ဆိပ်ငယ်ဈေးအတွင်း သန့်ရှင်းသာယာမှုအခြေအနေအားလည်းကောင်း၊ (၁၁း၂၇)နာရီအချိန်တွင် ဈေးတန်းရပ်ကွက်၊ သဟာရလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ (၁၁း၃၂)နာရီအချိန်တွင် ဈေးတန်းရပ်ကွက်၊ ရုံးလမ်း (၇၀၀ ပေ× ၁၈ ပေ × ၆လက်မ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ (၁၁း၄၀)နာရီအချိန်တွင် မန္တလေးကျောင်းလမ်း (၃၅၀ ပေ × ၂၂ ပေ × ၆ လက်မ) ကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ (၁၁း၄၅)နာရီအချိန်တွင် မြိတ်တောင်ကျေးရွာ၊ ဘုရားကိုင်- တရုတ်တန်း- အေးချမ်းဖြူစင်လမ်း (၂.၅၇)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ (၁၂း၀၀)နာရီအချိန်တွင် မြိတ်မြို့နယ် စုပေါင်းရုံးတည်ဆောက်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ (၁၂း၂၀)နာရီအချိန်တွင် အိုးလုပ်ပြင်ရပ်ကွက်၊ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ (၁၂း၄၉)နာရီအချိန်တွင် ကလွင်ရပ်ကွက်၊ လွယ်တင့်လမ်း (၁၅၀၀ ပေ× ၁၈ ပေ × ၆လက်မ)၊ (၁၂း၅၇) နာရီအချိန်တွင် ကြည်မျော်လမ်း (၁၅၀၀ ပေ × ၁၈ ပေ × ၆လက်မ)၊ ( ၁၃း၁၀) နာရီအချိန်တွင် ဘုတ်ချောင်းကျေးရွာ (၁)မိုင် ကွက်ကရစ်ခင်းခြင်းလုပ်ငန်းများအားလည်းကောင်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Add new comment

Restricted HTML

  • You can align images (data-align="center"), but also videos, blockquotes, and so on.
  • You can caption images (data-caption="Text"), but also videos, blockquotes, and so on.